ကျွန်တော်တို့ လင်းပွင့်လက်များနာမည်နဲ့ အနုပညာအဖွဲ့လေးတစ်ခု ဖွဲ့စည်းဖြစ်ခဲ့ပါတယ် ။
ဝထကလသ ၊ သော့ ၊ X-စာ ၊ လမ်းကြား ၁/၂ ၊ စတဲ့ Ebook လေးတွေအပြင်
ခြစ်ရာ ၁ ၂ ၃ ၄ . . . စသည်ဖြင့် ဆိုတဲ့ UG စာအုပ်လေး တစ်အုပ် ထွက်ဖြစ်ခဲ့ပါတယ် ။
အခု ......... အွန်လိုင်းမဂ္ဂဇင်းတစ်ခု တည်ဆောက်မယ် ။
ရသဦးစားပေး အွန်လိုင်းမဂ္ဂဇင်းတစ်ခုအဖြစ် လင်းပွင့်လက်များကစီစဉ်ပြီး ရပ်တည်မှာဖြစ်ပါတယ် ။
၂၀၁၁ နှစ်ကုန်ပိုင်းအထိ စမ်းသပ်ကာလအဖြစ်သတ်မှတ်ထားပြီး ၊ ၂၀၁၂ နှစ်ဆန်းပိုင်းကစလို့ အကောင်းမွန်ဆုံး အသေသပ်ဆုံး ဖြစ်အောင် ဆက်လက်ကြိုးစားသွားဖို့ ဆန္ဒရှိပါတယ် ။
ဝေဖန်အကြံပြုချင်ရင်ပဲ ဖြစ်ဖြစ် ၊ စာမူများ ပေးပို့ချင်ရင်ပဲ ဖြစ်ဖြစ် <span style="color: #cc0000;">hoe.mgz@gmail.com</span> ကို မေးလ်ပို့ဆက်သွယ်နိုင်ပါတယ် ။
နိုင်ငံရေးနှင့်ဆက်နွယ်သော စာမူများ ပေးပို့လာပါက ထည့်သွင်းစဉ်းစားမည်မဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည် ။
လေးစားစွာဖြင့် - -
လင်းပွင့်လက်များ
( h a n d s o f e n l i g h t e n m e n t )